Thingangyun Campus
-
Location
အမှတ် ၉၉၁ - သုမင်္ဂလာလမ်းပေါ်၊ ရတနာလမ်းအနီး ၊ (၁၆)ပိုင်း (၁)ရပ်ကွက်၊ သင်္ဃန်းကျွန်းမြို့နယ်။ -
Phone
09788930049

Classrooms






What Parents & Students
Say their classes
သားကြီးက Hysan junior level 6 (Myawaddy)တက်ရောက်နေတာပါ။ သားသားကိုသင်ပေးတဲ့ ဆရာဆရာမတွေက စိတ်ရှည်ပြီး တော်ကြပါတယ်။ စာသင်တာနဲ့မတူအောင် ကလေးတွေပျော်ပျော်ရွှင်ရွှင်နဲ့ သင်ယူနိုင်တဲ့ နည်းလမ်းလေးတွေနဲ့သင်ပေးတာတွေ့ရလို့ အရမ်းကျေနပ်ရပါတယ် ။ hysan တက်ရမယ်ဆို သားသားကတက်တက်ကြွကြွနဲ့ အမြဲပျော်ရွှင်ပြီးတရက်မပျက်သူတက်ပါတယ်။ သာသားရဲ့ အဂ်လိပ်စာ စွမ်းရည်လည်းအများကြီးတိုးတက်လာတာတွေ့ရလို့ ပီတီဖြစ်ရပါတယ်ရှင်။ကျွန်မတို့လိုနယ်မှာ နေတဲ့လူတွေအတွက် အခုလို Hysan ကျောင်းလေးလာဖွင့် လို့တကယ်လို့ဝမ်းသာမိပါတယ်။

Ent Bhone Khant
about 2 months ago
ကျွန်မရဲ့ကလေးတွေဟာ မကြာသေးခင်ကတည်းက အင်္ဂလိပ်ဘာသာစကားစွမ်းရည်တွေ တိုးတက်လာကြပါတယ်။ သူတို့နေ့စဉ်လေ့ကျင့်ပြီး အသံထွက်၊ စကားလုံးအသစ်တွေ သင်ယူသလို၊ အင်္ဂလိပ်စကားပြောဖို့ ယုံကြည်မှုလည်းပိုလာကြပါတယ်။ စာအုပ်ဖတ်တာ၊ ဗီဒီယိုကြည့်တာ၊ သီချင်းနားထောင်တာတွေနဲ့ တစ်ဖြည်းဖြည်း တိုးတက်လာတာကို မြင်ရတာက မိဘအနေနဲ့ အရမ်းဂုဏ်ယူဖွယ်ရာပါ။ သူတို့ရဲ့အနာဂတ်တိုးတက်မှုကို စိတ်လှုပ်ရှားစွာစောင့်မျှော်နေပါတယ်။

Mi Hay Mar Non & Min Layi Mon
about 2 months ago
Hysan Junior ကိုအရမ်းသဘောကျပါတယ်ရှင်။ Hysanရဲ့သင်ရိုးက နိုင်ငံတကာအဆင့်မှီပြီး တီချယ်တွေရဲ့သင်ကြားမှုပုံစံကလည်းအရမ်းကောင်းပါတယ်ရှင်။ ကလေးတွေကလည်းတီချယ်တွေရဲ့သင်ကြားမှုနောက်ကိုပျော်ပျော်ရွှင်ရွှင်တက်တက်ကြွကြွနဲ့လိုက်ပါလုပ်ဆောင်နိုင်ကြတယ်။ သားသားရဲ့ Eng စာနဲ့ Speaking ပိုင်းကော အများကြီးတိုးတက်လာပါတယ်။ Application နဲ့ သင်ခန်းစာအဆက်မပြတ်ဖြစ်သလို ပြိုင်ပွဲတွေလည်းတန်ဖိုးရှိပါတယ်။

Sa Sitt Bhone Htut
about 2 months ago
Hysan Junior ရဲ့ English စာသင်ရိုးညွှန်းတမ်းက Grape Seed International Course ကိုသင်ကြားပေးတဲ့အတွက်အရမ်းကောင်းပါတယ်။ သားသားလေးကို သုံးနှစ်ခွဲကစပြီး Hysan Junior မှာစသင်လာတာ English စာသိသိသာသာတိုးတတ်လာပြီး စိတ်ဝင်တစားပြောနိုင်လာပါတယ်။

Linn Htet Aung
about 2 months ago
Hysan Junior မှာ သမီးလေး ကျောင်းတက်ရတာ အဆင်ပြေပါတယ်။ တီချယ်တွေကလည်း စိတ်ရှည်ရှည်နဲ့သင်ပေးပါတယ်။ သမီးလေးရဲ့ တိုးတက်လာတာကိုလည်း အများကြီးတွေ့မြင်ရပါတယ်။

Theint Wathone Pyi Soe
about 2 months ago
Hysan Junior ကို သဘောကျတဲ့ အချက်က သားသားက Private School ကနေ International School ပြောင်းတဲ့အခါ စကားပြောအခက်အခဲရှိခဲ့တယ်။ သုံးလအကြာမှာပဲ ပျော်လာပြီး စကားပြောတတ်လာတယ်။ စင်ပေါ်တက်ပြောရဲတဲ့သတ္တိတွေလည်း မွေးဖွားလာတယ်။ ကျေးဇူးပါ Hysan ရေ။

Khant Thu Tun
about 2 months ago
Hysan Junior ကို သဘောကျတဲ့အချက်က ကလေးတိုင်းရဲ့အားနည်းချက်ကို မိဘနဲ့ ဆွေးနွေးပြီး ပြုပြင်ပေးတယ်။ English skills နဲ့ Social skills နှစ်ခုစလုံးတိုးတက်လာတာမြင်ရလို့ အရမ်းကျေနပ်ပါတယ်။

May Brani Maung
about 2 months ago
သမီးလေးကို သုံးလလောက်စမ်းထားတဲ့အချိန်မှာ English စွမ်းရည်တိုးတက်လာပါတယ်။ သင်ကြားမှုစနစ်က ထိရောက်ပြီး Lifetime အပ်ထားလိုက်ပါတယ်။ English စာအတွက် စိတ်အေးပါပြီ။

Thoon Yati Linn
about 2 months ago
သားသားလေးကို Hysan Junior မှာ ပို့ပြီး 3လအတွင်းပဲ ပျော်ရွှင်လာပြီး Speaking skill တိုးတက်လာတာမြင်ရပါတယ်။ Tr တွေနဲ့အတူ ဆက်လက်တိုးတက်အောင် ကြိုးစားသွားမယ်။

Kaung Thant
about 2 months ago
Hysan Junior ကို အင်္ဂလိပ်စာသင်ပေးတဲ့ ပတ်ဝန်းကျင်က ကလေးတွေအတွက် ပျော်ရွှင်ပြီး stress မဖြစ်စေပါဘူး။ သမီးလည်း ပျော်ရွှင်နေပါတယ်။ နောက်တန်းတွေလည်း ဆက်ထားဖြစ်မှာပါ။

Chit Khun Than Thar
about 2 months ago
